ဦးဝီရသူမွေးနေ့အထိမ်းအမှတ်သွေးလှူဒါန်းပွဲကြီးတွင် ပါဝင်ကုသိုလ်ပြုကြကုန်သော ပါရမီရှင်များ
သွေးလှူဒါန်းပွဲကြီးဖြစ်မြောက်အောင် ထောက်ပံ့လှူဒါန်းကြသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစု မော်လမြိုင် သိန်း၅၀ကျပ်။ ၂။ ဦးသန့်ဇင်+ဒေါ်ခင်ညိုညို (A-1 အထည်ရောင်းဝယ်ရေး)မိသားစု ကသာမြို့ ငါးသိန်းကျပ်။ ၃။ ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ ရွှေမန်းမေအထည်ဆိုင် မန်းမြို့ဈေး ရှစ်သောင်းကျပ်။ ၄။ ဦးဣန္ဓာစရိယ(ဦးဇင်းမဲကြီး)အောင်ပန်း တစ်သိန်းကျပ် ၅။ ကိုအေးနိုင် မယဉ်ယဉ်အေး သုံးသောင်းကျပ် ၆။ မန်း မဘသ ညီကိုမောင်နှမများမှ ရှစ်သောင်းကျပ် ၇။ ကိုသန်းစိုး+မအေးမြမွန်(သား)မောင်ထူးမြတ်ငြိမ်း ရဲစုရပ်မှ သုံးသောင်းကျပ် ၈။ သဇင်ဂုဏ်ရောင်အဖွဲ့(ရန်ကုန်)မှ တစ်သိန်းကျပ် လှူဒါန်းပါသည်။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ ...
မုဒိတာရပ်ဝန်း (နဝကမ္မအလှူတော်)
ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစု မော်လမြိုင်မှ ဆရာတော်ဦးဝီရသူ ရွှေရတုမွေးနေ့အကြိုပွဲအဖြစ် နဝကမ္မအလှူငွေ သိန်း(၅၀)ကျပ် လှူဒါန်းစဉ်။(26.6.2017)
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၄)
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် ============================== (င) ရဟန်းပုဂ္ဂိုလ်ဖြစ်ပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ ဖြင့် အရေးယူရန် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိကြောင်း သုံးသပ်ချက်။ ၄၁။ သက်သေပြရန်တာဝန်နှင့်စပ်လျဉ်းသော အခြေခံသဘောတရားများကို သက်သေခံဥပဒေပုဒ်မ ၁၀၁ နှင့် ၁၀၂ တို့တွင် ပြဋ္ဌာန်းထားပါသည်။ ပြစ်မှုမြောက်စေသည့် အကြောင်းအင်္ဂါရပ်များစုံလင်အောင် ...
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၅)
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် ============================= (စ) လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူရန်အတွက် အကြုံးဝင်သက်ဆိုင်မှုမရှိ ကြောင်း သုံးသပ်ချက် ၆၄။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းသံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေတို့သည် လူပုဂ္ဂိုလ်များအတွက် ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများမဟုတ်ပါသဖြင့် လူပုဂ္ဂိုလ်များသည် စောင့်ထိန်းလိုက်နာရန် တာဝန်မရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ၆၅။ ...
မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)
အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ အမျိုးဘာသာသာသနာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးပေါက်ရန်အလို့ငှာ ပြင်ဦးလွင်မြို့နေ ဦးသုအောင်ဇော် မိသားစုက အလှူငွေ ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။(26.6.2017 ) အလှူရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုတရသူများ ဖြစ်ကြပါစေ…သောဝ်။
သွေးပျက်နေရင်လည်း ဘေးထွက်ပြီးတော့ နေလိုက်ပါတော့ ဦးအောင်ကို
ဝန်ကြီးဦးအောင်ကိုကို ပြောချင်ပါတယ်။ သာသနာသန့်ရှင်းရေး လုပ်မယ်ဆိုလို့ ဝမ်းမြောက်ဝမ်းသာ ရှိနေပါတယ်။ သာသနာတော်သန့်ရှင်းရေး တကယ်လုပ်မှာလား? ဝန်ကြီးကိုနှုတ်ထွက်ခိုင်းလို့ ဆန္ဒပြတဲ့သံဃာတော်တွေ သီလရှင်တွေကို န.ဝ.တ ဥပဒေတွေနဲ့ အရေးယူချင်လို့ သာသနာသန့်ရှင်းရေးခေါင်းစဉ်တပ်တာလား? အမှန်တကယ် သာသနာတော်သန့်ရှင်းစေချင်တယ်ဆိုရင် ခေါင်ကစပြီးမိုးလုံမှဖြစ်မှာ။ ခေါင်ကစပြီး အရင်လုံအောင်လုပ်ပေးပါ။ ဝန်ကြီးအမိန့်ကို အကောင်အထည်ဖော်နေတဲ့ ဝန်ကြီးအနားက(……)ပါးဆိုသူတွေထဲမှာ မဟာယာနပုံစံချိုးနေပြီး သားနဲ့ မယားနဲ့ အတူတကွ နေထိုင်သူတွေတောင် ရှိနေပါတယ်။ အဲဒါလေးကို အရင် သန့်ရှင်းပေးပါဦး။ DNA နည်းနဲ့သန့်ရှင်းရင် လွယ်လွယ်လေးပါ။ အဲဒါအပြင် လာဘ်စားပြီး အဂတိလိုက် မတရားဆုံးဖြတ်တဲ့ မဟနဆရာတော်အချို့ရှိပါတယ်။ သူတို့တတွေကိုကော အရင်သန့်ရှင်းဖို့လုပ်ပေးပါဦး။ ဝန်ကြီးအဂတိလိုက်လို့ ဝန်ကြီးမတရားလုပ်လို့ ဝန်ကြီးတရားရေးမှာဝင်စွက်ဖက်လို့ ဝန်ကြီးသာသနာတော်ကို နှိပ်ကွပ်နေလို့ ဝန်ကြီးသံဃာတော်တွေကိုရန်တိုက်ပေးနေလို့ ...
ဦးဝီရသူမွေးနေ့ သွေးလှူပွဲ(ရန်ကုန်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ ၄၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇီဝိတိဒါန သွေးလှူပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ခုတင်၁၀၀၀ တပ်မတော်စစ်ဆေးရုံမှာ ကျင်းပခဲ့ပါတယ်။ ဦးဝီရသူ၏မွေးနေ့ 26.6.2017 ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တာပါ။ ဦးဆောင်သူများက မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)ဖြစ်ပြီး သွေးလှူဒါန်းသူများမှာ အမျိုးသားရေး ညီအစ်ကိုမောင်နှမများဖြစ်ကြပါတယ်။ ရဟန်းတော် ၄၀ လူပုဂ္ဂိုလ် ၁၅၀ တက်ရောက်လှူဒါန်းရာတွင် သွေးအိတ်ပေါင်း ၁၁၁ အိတ် ထမြောက်အောင်မြင်ခဲ့ပါတယ်။ သွေးလှူသူများအား တစ်ကမ္ဘာလုံးနှင့်တစ်ယောက်စာအုပ်တစ်အုပ်စီ ရှပ်အင်္ကျီတစ်ထည်စီ မေတ္တာလက်ဆောင် အဖြစ် ပြန်လည်လှူဒါန်းကြပါတယ်။ နေ့လည်စာကို တပ်မတော်စစ်ဆေးရုံက ဆက်ကပ်ကျွေးမွေးပြီး ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၃)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မိတ္ထီလာမြို့ ဦးမြင့်ဝင်း+ဒေါ်ဝင်းလွင်သန်း (သား) မောင်အောင်မျိုးမြတ် (သမီး)မပန်ဆုပြည့်၊ မနီလာဆုပြည့်၊ မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ မိတ္ထီလာမြို့ ဦးစောဌေး+ဒေါ်ခင်ကြည်မိုး မိသားစုမှ အလှူငွေ ငါးသောင်းကျပ် လှူဒါန်းစဉ်။(17.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ် မေတ္တာသဝဏ်လွှာ
ဒီကနေ့ 26.6.2017 ရက်နေ့မှာကျရောက်သော အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် အီးဒ်နေ့မှာ မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင် မူဆလင်များအားလုံး ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ အလားတူပင် အခြားသော ကုရ်ဘာနီလို အီးဒ်ကြီးနေ့များမှာလည်း ဘာသာတရားနှင့် လုံးဝမအပ်စပ်သည့် သားသတ်ပူဇော်ခြင်း သားသတ်လှူဒါန်းထောက်ပံ့ခြင်းများ မပါဝင်စေဘဲ ယခုကဲ့သို့ပင် အပြစ်ကင်းစင်သည့် ဘာသာရေးပွဲတော်ကြီးတစ်ခုအဖြစ် ဆက်လက် ကျင်းပနိုင်ပါစေကြောင်းလည်း ထပ်လောင်းမေတ္တာပို့သလိုက် ပါသည်။ ဦးပဉ္စင်းသည် မူဆလင်အားလုံး အစ္စလာမ်ဘာသာဝင်အားလုံးကို ရည်ညွှန်း၍ ပို့စ်တင်ခြင်း စာရေးခြင်း တရားဟောခြင်းများ ပြုလုပ်ခဲ့ခြင်းမဟုတ်ပါ။ ဦးပဉ္စင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့်လိုက်လျောညီထွေရှိသည့် အမိမြန်မာပြည်ကိုချစ်သော ...
မွေးနေ့ကျေးဇူးတင်လွှာ
ဦးပဉ္စင်း၏ အသက် ၄၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဦးပဉ္စင်း၏ဇာတိ ကျောက်ဆည်မြို့ မင်းကုန်းမဟာစာသင်တိုက်မှာ ဒီကနေ့ 26.6.2017 ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်မှ မျိုးချစ်သံဃာတော်များ မျိုးချစ်သီလရှင်များ မျိုးချစ်ညီအစ်ကိုမောင်နှမများ လာရောက် သွေးလှူဒါန်းခြင်း ဝေယျာဝစ္စဆောင်ရွက်ခြင်း နဝကမ္မဝတ္ထုငွေများ လှူဒါန်းခြင်းတို့ ပြုလုပ်ခြင်းဖြင့် ပါရမီကုသိုလ် ဥပပါရမီကုသိုလ် ဆည်းပူးကြတာကို တွေ့ရပါတယ်။ ထို့အပြင် ရန်ကုန်မြို့ မင်္ဂလာဒုံတပ်မတော်စစ်ဆေးရုံမှာ ပါရမီကုသိုလ် ဥပပါရမီကုသိုလ် ဆည်းပူးကြသည့် ညီတော်နောင်တော်များ မျိုးချစ် မောင်နှမများလည်း စိတ်အားတက်ကြွစွာ မွေးနေ့ပွဲကို ကျင်းပပေးတာ တွေ့ရပါတယ်။ တိုက်ဆိုင်စွာပင် ...
မဘသ(ဗဟို) တစ်ဖြစ်လဲ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)မှ နုတ်ထွက်ခြင်း
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)သည် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသဗဟို)ကို ပြန်လည် ဖွဲ့စည်းထားသော ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း(ဗဟို) မှ နုတ်ထွက်လိုက်ပါသည်။ ထိုသို့ နုတ်ထွက်ကြောင်းကို မေလ ၂၈ ရက် မနက် ၁၀း၃၀နာရီမှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသအား လျှောက်ထားရာ အင်းစိန်ရွာမဆရာတော်ကြီးက သဘောတူလက်ခံပါသည်။ သို့ဖြစ်ပါ၍ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ-မစိုးရိမ်၏ ပြုမူ ပြောဆို ရေးသား ဆောင်ရွက်ချက်မှန်သမျှသည် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနှင့် လုံးဝမသက်ဆိုင်ကြောင်း ...
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်တောင်းဆို ချက်များကို လျစ်လျူရှုပါက သပိတ်စခန်းဖွင့်မည်
ရန်ကုန်၊ ဇွန် ၂၅ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဇွန် ၂၅ ရက်ကပြုလုပ်ခဲ့သည်။ ယင်းကန့်ကွက်ပွဲများကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းပေါ်ရှိ မနောရမ္မံလူထုဟစ်တိုင်တွင် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မေလ ၂၀ ရက်က နေပြည်တော်တွင် ပထမအကြိမ်ပြုလုပ်ရာ၌ တောင်းဆိုခဲ့သည့်အချက်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်မှုမရှိခြင်းကြောင့် ယခုကဲ့သို့ ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်တွင်ပြုလုပ်သည့် ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၂)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မဟာဂန္ဓာရုံ၊ ငွေကျားတိုက်ကျောင်းဆောင် သံဃာတော်များမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၆,၈၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၄,၀၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာသုံးဆယ့် ကိုးသိန်း ငါးထောင့်ငါးရာကျပ်) ...
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၃)
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် (ဃ) (၄)နှစ်တိုင်ရပ်တည်ခဲ့သော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို တရားမဝင်ဖွဲ့စည်းထား သောအဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်သည် မှားယွင်းနေကြောင်း သုံးသပ်ချက်။ ၃၂။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန တွင် အပိုဒ်(၁)၌ (၁၅.၇.၂၀၁၃) နေ့ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီဒုတိယအကြိမ်အစည်းအဝေးတွင် ...
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွတ်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးမှ ရဟန်းသံဃာ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများ ...
၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်အသီးသီးမှ ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် ရဟန်းသံဃာ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများက အောက်ပါအတိုင်း ထုတ်ပြန်ကြေညာ လိုက်သည်- (က) နိုင်ငံတော်သမ္မတ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့၊ လွှတ်တော်ခေါင်းဆောင်များသည် အမျိုးသားရေးသမားများ၏ဆန္ဒ၊ ခံစားချက်နှင့် ယုံကြည်ချက်တို့မှ ပေါက်ဖွားလာသည့် လှုပ်ရှားမှု တောင်းဆိုမှု များအပေါ် အလေးထားထည့်သွင်း စဉ်းစားဖြေရှင်းပေးရမည်။ (ခ) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး၏ လုပ်ဆောင်ချက်နှင့် ရပ်တည်ချက်များသည် အစ္စလာမ်ဘာသာဝင်များဘက်မှ ဖြေလျော့စဉ်းစားနေမှုကြောင့် ဗုဒ္ဓဘာသာနှင့် သာသနာ၏ အနာဂတ်သည် ပိုမိုရှုတ်ထွေးမှုနှင့် သွေးကွဲမှုများဆီသို့ ဦးတည်နေသဖြင့် ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၁)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရေစကြိုမြို့ ရှင်မတောင်ဆရာတော်ဘဒ္ဒန္တကဝိန္ဒောဘာသ မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (20.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီးခြားအလှူရှင်များ လှူဒါန်းငွေ ၁၆,၇၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၃,၉၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာသုံးဆယ့် ...
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၂)
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် ___________________ (ခ) အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၄)နှင့် ငြိစွန်းမှုမရှိကြောင်း သုံးသပ်ချက် ၁၁။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအခန်း(၂) အပိုဒ်(၄)တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သက်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်းတစ်ခုတည်းသာ ရှိရမည် ဟု ပြဋ္ဌာန်းထားပါသည်။ ...
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၁)
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် ရက်စွဲ။ ။ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၀)ရက် (က) အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆည်ဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက် ၁။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဘာသာ သာသနာရေးနှင့်စပ်လျဉ်း၍ ပေါက်ပါအတိုင်း ပြဋ္ဌာန်း ...
မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၀)
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ဟ-၁၁/၁၈-ခရပ်ကွက်နေ ဦးဝမ်းတင်+ဒေါ်တင်ရီ မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (19.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၆,၆၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၃,၈၀၅,၅၀၀ ...
မစိုးရိမ်တိုက်သစ် ဝင်ခွင့်စာမေးပွဲ နောက်ဆုံးနေ့
ဒီနေ့ မစိုးရိမ်တိုက်သစ်မှာ ဆက်လက်သီတင်းသုံးသော ပညာသင်ယူနိုင်ရန်အတွက် နေထိုင်ခွင့်စာမေးပွဲ တတိယနေ့ပါ။ လပြည့်လကွယ်နေ့တိုင်းကျင်းပပါတယ်။ သုံးပတ်ကျင်းပရာမှာ သုံးပတ်လုံး အောင်မှတ်ရမှ မစိုးရိမ်တိုက်သစ်မှာဆက်လက်နေထိုင်ခွင့်ရရှိပါမယ်။ သုံးပတ်မှာ နှစ်ပတ်အောင်ပြီး တစ်ပတ်ကျရင်တောင် ဆက်လက်နေထိုင်ခွင့်မရှိပါဘူး။ စာရေးသူ ကိုင်တဲ့အတန်းကတော့ စာချတန်း အဋ္ဌသာလိနီကျမ်းဖြစ်ပါတယ်။ စာရေးသူနှင့်အတူ ပူးတွဲကိုင်သူကတော့ ဓမ္မသီတဂူကျောင်းနာယက ဘဒ္ဒန္တကောဏ္ဍညာလင်္ကာရာဘိဝံသ (ကိုကြီးကွန်း)ပါ။ ဓမ္မရက္ခိတကျောင်းတော်ကြီးမှာ ဖြေဆိုကြရတာပါ။ အားလုံးဖြေဆိုနိုင်ကြပါတယ်။ ဝီရသူ(မစိုးရိမ်) 23.6.2017 PM-15:00