စဥ့်ကိုင်မြို့ ဘာသာရေးဆုတောင်းပွဲကိုအကြောင်းပြပြီး ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေမှုအတွက် မန်း မဘသရဲ့ တိုင်ကြားချက်
ဆက်ကပ်ပါသည်ဘုရား သို့ ဥက္ကဋ္ဌဆရာတော် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့။ ရက်စွဲ။ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၂၇ ရက် အကြောင်းအရာ။ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာကို ညှိုးနွမ်းစေသည့် ပြုလုပ်ကျူးလွန်မှု များနှင့် ပတ်သက်၍ လိုအပ်သလို အရေးယူပေးပါရန် လျှောက်ထားခြင်း။ ၁။ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ၂ဝ၁၇ခုနှစ် အောက်တိုဘာလ (၂၄)ရက် အင်္ဂါနေ့ ညနေ(၆)နာရီခန့်က စဥ့်ကိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ကြီးမှူးကျင်းပသည့် ဘာသာပေါင်းစုံ ...
ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့်ပတ်သက်သော သဘောထားကြေညာချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကြီးမှူး၍ ဘာသာပေါင်းစုံဆုတောင်းပွဲများ ကျင်းပမည့်သတင်းများ ကြားသိရပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ဖိတ်စာများမှာ တွေ့ရပါသည်။ ရည်ရွယ်ချက်လည်း ကောင်းပါသည်။ စိတ်ကူးလည်း ကောင်းပါသည်။ အစီအစဉ်များကိုလည်း သဘောကျပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ ငြိမ်းချမ်းသာယာဝပြောရေးထက် အခြားနိုင်ငံရေးရည်ရွယ်ချက်များ ပါဝင်နေသည်မှာ ငြင်းဆန်၍ မရပါ။ နိုင်ငံတော်အစိုးရ အသက်ရှူချောင်စေဖို့ နိုင်ငံရေးဆေးမီးတိုကုထုံးတစ်ခု ဟုလည်း ရှုမြင်နိုင်ပါသည်။ နိုင်ငံရေးရည်ရွယ်ချက်များ ထမြောက်အောင်မြင်ပါစေဟုလည်း ဆန္ဒပြုမိပါသည်။ သို့သော်ငြားလည်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက် ဆုတောင်းပေးရုံဖြင့် မရရှိနိုင်သည်ကိုလည်း သတိပြုဖို့ လိုပါသည်။ ...
အမျိုးသားတိုးတက်ရေးပါတီ သဘောထားကြေညာချက်
မစ္စတာကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အစီရင်ခံစာအား လမ်းပြမြေပုံ (Road Map)အဖြစ် သတ်မှတ်ခြင်းအပေါ် ကန့်ကွက်ကြောင်း သဘောထားကြေညာချက် (၂/၂၀၁၇) ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် ၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရခိုင်ပြည်နယ်အရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြောင်းရှာဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဖွဲ့စည်းခြင်းကို ပြင်းထန်စွာကန့်ကွက်ကြောင်းကို ၂၆.၈.၂၀၁၆ ရက်စွဲပါ သဘောထားကြေညာချက်အမှတ် (၃/၂၀၁၆)ဖြင့်လည်းကောင်း၊ အဆိုပါကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအား ၂၅.၈.၂၀၁၆ ရက်စွဲပါ သဘောထားကြေညာချက်အမှတ် (၁/၂၀၁၇)ဖြင့်လည်းကောင်း မိမိတို့ပါတီမှ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ၂။ ...
မန်း မ.ဘ.သ သဘောထားကြေညာချက်
၁၃၇၉ခုနှစ် တော်သလင်းလကွယ်နေ့ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်၊ ဗုဒ္ဓဟူးနေ့ ၂ဝ၁၇ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့တွင် ပြောကြားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့်ပတ်သက်၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး၊ မန်းမဘသ၏ သဘောထားကို ထုတ်ပြန်ကြေညာလိုက်သည်- ၁။ နိုင်ငံတော်အစိုးရသည် နိုင်ငံ့တာဝန်စတင်ထမ်းဆောင်သည်မှစ၍ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အရေးကို ဦးစားပေးဆောင်ရွက်ခဲ့သည်မှာ ထင်ရှားသည်။ ဒေသတည်ငြိမ် အေးချမ်းရေး၊ လူ့အသိုင်းအဝိုင်း နှစ်ခုအကြား သဟဇာတဖြစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှု၍ ...
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏မိန့်ခွန်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၀-၉-၂၀၁၇ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီသည် ပါတီ၏မူဝါဒများနှင့်အညီ နိုင်ငံနှင့်ပြည်သူလူထုအကျိုး စီးပွားအလို့ငှာ အစိုးရနှ်င့ နိုင်ငံတော်တာဝန်ရှိသူများက ဆောင်ရွက်ရန်လိုအပ်သည်များရှိပါက ထောက်ပြဝေဖန် အကြံပြုသည်များ ရှိခဲ့ပါသည်။ တစ်ပါတီချင်းသော်လည်းကောင်း၊ ပါတီများစုပေါင်း၍ သော်လည်းကောင်း အကြောင်းအရာအလိုက် တစ်ပါတီချင်း၏ လွတ်လပ်သောဆုံးဖြတ်ချက်များအရ ဆော်ငရွက်ခဲ့ပါသည်။ ထို့အတူ အစိုးရနှင့် နိုင်ငံတော်တာဝန်ရှိသူများက နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးကို ထိရောက်စွာကာကွယ်စောင့်ရှောက်ပေးပါကလည်း လက်ခံကြိုဆိုသွားမည်သာဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း NDF ပါတီ၏သဘောထား ထုတ်ပြန်အပ်ပါသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာသို့ရှင်းလင်းသည့် မိန့်ခွန်း ...
အမုန်းသံသရာကိုဖြတ် အချစ်သံသရာကိုဆက်
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဓမ္မသတ်ပညာရှင်များအဖွဲ့ချုပ်(ဗဟို)၏ တိုက်တွန်းနှိုးဆော်လွှာကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ဒီလို တာဝန်ယူ တာဝန်ခံမည့် မူဆလင်ခေါင်းဆောင်ကောင်းတွေကို မျှော်လင့်တောင့်တနေတာ ကြာပါပြီ။ အခုဆိုရင် မူဆလင်အဖွဲ့ချုပ်ကြီးကလည်း ကြေညာချက်တွေထုတ်ပြီး မိတ်ဆွေသဘောထားကို ပြသနိုင်ခဲ့ပါပြီ။ အခုဓမ္မသတ်အဖွဲ့ချုပ်ကလည်း အခုလို နှိုးဆော်စာတွေထုတ်ပြန်လာတာ တွေ့ရတော့ အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ တစ်ဘာသာနှင့်တစ်ဘာသာ အွန်လိုင်းပေါ်မှာ ငြင်းခုံနေကြတာ ပညာရှိမဆန်ပါဘူး။ အမြင်လည်းမတင့်တယ်ပါဘူး။ ဒီလိုပဲ ဆက်လက်ငြင်းခုံနေမယ်ဆိုရင် အမုန်းသံသရာကြီး ဆုံးနိုင်တော့မှာမဟုတ်တော့ပါ။ ဒါကြောင့် အချစ်သံသရာဖြစ်တဲ့ မေတ္တာတရားတွေ ပြသဖို့ လိုပါပြီ။ ကိုယ့်ဘာသာဝင်ကို ကိုယ်ကိုယ်တိုင် တာဝန်ယူရပါမယ်။ ကိုယ့်ဘာသာဝင်ကို ကိုယ်ကိုယ်တိုင် ဆုံးမနိုင်ရပါမယ်။ အဲဒီလို တာဝန်ယူဆုံးမမည့်အဖွဲ့အစည်းတွေအဖြစ် မြင်ချင်နေတာကြာပါပြီ။ ပြည်တွင်းမူဆလင်အချို့ ...
ကုလ ထွေညီက စနေပြီဆိုတော့ ဒါလေးက မြက်တစ်ပင်ပေါ့နော်။ နိုင်ငံသားဖြစ်ခွင့်ရှိသူကို အမြန်လုပ်ပေးရမယ်ဆိုတော့ လုံးဝဖြစ်ခွင့်မရှိသူတွေကို အမြန်ပြန်ပို့ဖို့ကျ ...
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၇၅ /၂၀၁၇ ၁၃၇၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက် ( ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် ) ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းခြင်း ၁။ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်- (က) ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည ...
မန်း မဘသ သဘောထားကြေညာချက်
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်(မန္တလေးတိုင်းဒေသကြီး) စာအမှတ်။ မဘသ-စီမံ/၀၀၁/(၀၀၅) ရက်စွဲ။ ၂၀၁၇ခုနှစ်၊ သြဂုတ်လ ၂၅ရက် ၁။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်ဒေသအတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ အစီအမံများချမှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော်ဆောင် ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ အဆိုကို ကန့်ကွက်မဲပေးခဲ့ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂၃၂)ဦးတို့ကို ပြင်းထန်စွာရှုတ်ချသည်။ ၂။ ၂၅.၈.၂၀၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ၌ ဘင်္ဂါလီအစွန်းရောက်ကျူးကျော်သူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချသည်။ ၃။ ၂၀၀၈ ...
ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အစီရင်ခံစာနှင့် ခိုးဝင်ဘင်္ဂလီများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ...
၂၃- ၈- ၂ဝ၁၇-ရက်နေ့၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ပေးပို့ခဲ့သော မစ္စတာကိုဖီအာနန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာသည်- ၁။(က) ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ကျော်လွန်၍ ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော တရားမဝင် ဘင်္ဂါလီ မွတ်ဆလင် တို့အား နိုင်ငံသားဖြစ်နိုင်ရေးကိုသာ ရှေးရှုအကြံပြုထားခြင်း၊ (ခ)နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အလေးဂရု မပြုဘဲ ထိပါးစေခြင်း၊ (ဂ)ဒေသခံတိုင်းရင်းသားတို့ အပေါ်၌ အဆိုပါ ဘင်္ဂါလီမွတ်ဆလင်တို့၏ အနိုင့်အထက်ပြုမူခြင်း, အကြမ်းဖက်ခြင်းတို့ကို ...
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို)၏ သဘောထားထုတ်ပြန် ကြေညာချက်
5. 8. 2017 ၁။ ၃- ၈- ၂ဝ၁၇ ဘင်္ဂလီအကြမ်းဖက် သောင်းကျန်းသူများကြောင့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စု ”မြို”တိုင်းရင်းသား ၈-ဦး သတ်ဖြတ်ခံခဲ့ရာ အလောင်း ၆-လောင်းသာ တွေ့ရှိပြီး ၂-ဦး ပျောက်ဆုံးနေပါသည်၊ ထိုသတင်းကို- မောင်တောမြို့နယ်၊ ကိုင်းကြီးရွာ အနောက်ဖက်၌ သြဂုတ်လ ၃-ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်ခံရမှုတွင် ဒေသခံရွာသား ၆-ဦး သေဆုံးပြီး ၂-ဦး ပျောက်ဆုံးနေသည်ဟု နိုင်ငံတော်သမ္မတရုံးက ည ၇-နာရီ သတင်းထုတ်ပြန်ခဲ့သည်။ ၂။ အဆိုပါကိစ္စအတွက် နယ်မြေရှင်းလင်းရေး ...
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း(ဗဟို) ၏ သဘောထား ထုတ်ပြန် ကြေညာချက်
ယခုတလော အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကြီးနှင့် ပတ်သက်၍ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းများကို မလိုလားသူများက ပြည်တွင်းရော ပြည်ပပါ ပူးပေါင်း၍ နည်းအမျိုးမျိုး ပုံစံ အမျိုးမျိုး အခြေအနေ အမျိုးမျိုးကနေ ရသည့်နည်းဖြင့် ၀ိုင်းဝန်း တိုက်ခိုက် ထိုးနှက် ဖျက်ဆီးနေကြသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည်ပင် သူတို့၏ လှည့်ကွက်ထဲသို့ ၀င်ရောက်မိနေကြသည်။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းကို မလိုလားသူများ၏- ၁။ ကိုးကားချက် အထောက်အထားမျာ ၂။ ထောက်ပြ ဝေဖန်ချက်များသည် ...
အမျိုးသားတိုးတက်မြင့်မားရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက်
စာအမှတ်-၆/၂၀၁၇ နေ့စွဲ-ဇူလိုင် ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ ဇူလိုင်လ ၁၅ ရက်နောက်ဆုံးထား၍ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များရှိ မ.ဘ.သ အဖွဲ့များ အမည်ပြောင်းလဲခြင်းနှင့် ဆိုင်းဘုတ် ဖြုတ်သိမ်းခြင်းများမပြုပါက မ.ဟ.န ဆုံးဖြတ်ချက်အတိုင်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများမှ ဆက်လက်ဆောင်ရွက်သွားမည်ဟုနိုင်ငံပိုင်ရုပ်သံမှထုတ်လွှင့်သွားသည်။ မ.ဘ.သ အဖွဲ့ဆိုင်းဘုတ်များကို (၁၅.၇.၂၀၁၇) ရက်တွင် နောက်ဆုံး ထား၍ အပြီးအပိုင်ဖြုတ်သိမ်းပေးရန် မ.ဟ.န မှ ထုတ်ပြန်ထားပြီး အဆိုပါ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူ သွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက ...
ကရင်ပြည်နယ် မဘသ သဘောထားထုတ်ပြန်ချက်
၁။ မည်သူက မည်သို့ပင်ဆိုစေကာမူ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွတ်ကာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ အသီးသီးနှင့်အညီ တရားဝင်တည်ရှိနေသော အဖွဲ့ဖြစ်သည်။ ၂။ ကရင်ပြည်နယ်အတွင်းရှိ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ဆိုင်းဘုတ်များကို အတင်း အကြပ်ဖြုတ်ချရန် ကြံစည်အားထုတ်နေသည်ကို ခိုင်လုံသော သတင်းစကားများအရ သိရှိရပါသည်။ ၃။ ကရင်ပြည်နယ်အတွင်းရှိ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့၏ ဆိုင်းဘုတ်များကို အတင်းအကြပ်ဖြုတ်ချခြင်း၊ ကြံစည်အားထုတ်ခြင်းပြုလုပ်သည့် မည်သူ့ကိုမဆို တည်ဆဲဥပဒေ/ဒေသန္တရ ဥပဒေအရပ်ရပ်တို့ဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်။ ၄။ ကရင်ပြည်နယ်အတွင်းရှိ အမျိုး ...
မန်း မဘသ ကြေညာချက်
၁။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး (မန်းမဘသ)၏ ဆိုင်းဘုတ်ကို လုံးဝ (လုံးဝ) ဖျက်သိမ်းမည် မဟုတ်ပါ။ ၂။ အထက်ပါ ရပ်တည်ချက်နှင့်ပတ်သက်၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီး (မန်းမဘသ)အဖွဲ့မှ အပြည့်အဝတာဝန်ယူသည်။ ၃။ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂ဝ၁၄ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ပြည်ထောင်စု ဥပဒေများကို ကျော်နင်း၍ မဟနကြေညာချက် တစ်ခုတည်းနှင့် မဘသဆိုင်းဘုတ်အား အကြမ်းဖက် ဖြိုခွင်းလာပါက ဖြစ်ပေါ်လာသည့်နောက်ဆက်တွဲ ပြဿနာအရပ်ရပ်သည် ...
မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ် မေတ္တာသဝဏ်လွှာ
ဒီကနေ့ 26.6.2017 ရက်နေ့မှာကျရောက်သော အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် အီးဒ်နေ့မှာ မြန်မာပြည်ရှိ အစ္စလာမ်ဘာသာဝင် မူဆလင်များအားလုံး ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ အလားတူပင် အခြားသော ကုရ်ဘာနီလို အီးဒ်ကြီးနေ့များမှာလည်း ဘာသာတရားနှင့် လုံးဝမအပ်စပ်သည့် သားသတ်ပူဇော်ခြင်း သားသတ်လှူဒါန်းထောက်ပံ့ခြင်းများ မပါဝင်စေဘဲ ယခုကဲ့သို့ပင် အပြစ်ကင်းစင်သည့် ဘာသာရေးပွဲတော်ကြီးတစ်ခုအဖြစ် ဆက်လက် ကျင်းပနိုင်ပါစေကြောင်းလည်း ထပ်လောင်းမေတ္တာပို့သလိုက် ပါသည်။ ဦးပဉ္စင်းသည် မူဆလင်အားလုံး အစ္စလာမ်ဘာသာဝင်အားလုံးကို ရည်ညွှန်း၍ ပို့စ်တင်ခြင်း စာရေးခြင်း တရားဟောခြင်းများ ပြုလုပ်ခဲ့ခြင်းမဟုတ်ပါ။ ဦးပဉ္စင်းသည် မြန်မာ့ယဉ်ကျေးမှုနှင့်လိုက်လျောညီထွေရှိသည့် အမိမြန်မာပြည်ကိုချစ်သော ...
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွတ်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးမှ ရဟန်းသံဃာ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများ ...
၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်အသီးသီးမှ ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် ရဟန်းသံဃာ၊ ဗုဒ္ဓဘာသာဝင်ပြည်သူများက အောက်ပါအတိုင်း ထုတ်ပြန်ကြေညာ လိုက်သည်- (က) နိုင်ငံတော်သမ္မတ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့၊ လွှတ်တော်ခေါင်းဆောင်များသည် အမျိုးသားရေးသမားများ၏ဆန္ဒ၊ ခံစားချက်နှင့် ယုံကြည်ချက်တို့မှ ပေါက်ဖွားလာသည့် လှုပ်ရှားမှု တောင်းဆိုမှု များအပေါ် အလေးထားထည့်သွင်း စဉ်းစားဖြေရှင်းပေးရမည်။ (ခ) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး၏ လုပ်ဆောင်ချက်နှင့် ရပ်တည်ချက်များသည် အစ္စလာမ်ဘာသာဝင်များဘက်မှ ဖြေလျော့စဉ်းစားနေမှုကြောင့် ဗုဒ္ဓဘာသာနှင့် သာသနာ၏ အနာဂတ်သည် ပိုမိုရှုတ်ထွေးမှုနှင့် သွေးကွဲမှုများဆီသို့ ဦးတည်နေသဖြင့် ...
ကရင်ပြည်နယ် မဘသ သဘောထားထုတ်ပြန်ချက်
၁၃၇၉-ခုနှစ်၊ နယုန်လပြည့်ကျော်(၂)ရက်၊ (၁၁.၆.၂၀၁၇) တနင်္ဂနွေနေ့တွင် ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက်၌ ကျင်းပအပ်သော မဘသ(ဗဟို)၏ အထူးအသိပေးရှင်းလင်းချက်များကို ကရင်ပြည်နယ် မဘသအဖွဲ့ဝင်များအား ထပ်ဆင့်အသိပေးရှင်းလင်းပွဲအခမ်းအနား သဘောထားကြေညာချက် ၁။ ကရင်ပြည်နယ် မဘသအဖွဲ့သည် ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး၏ သြဝါဒလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားမည်။ ၂။ သုခါ သံဃဿ သာမဂ္ဂီ ဟူသော ဒေသနာတော်နှင့်အညီ မြန်မာပြည် ထေရဝါဒ သံဃာတော်တို့၏ ရပ်တည်ချက်အတိုင်း သံဃာထုညီညွတ်ရေးကို အလေးပေး ရှေ့ရှုဆောင်ရွက်သွားမည်။ ၃။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ...
တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ “ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း” ကြီး၏ ...
“ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း(ဗဟို) သဘောထား ထုတ်ပြန်ချက်” ဇွန်လ ၇-ရက်၊ ၂၀၁၇-ခု၊ ဗုဒ္ဓဟူးနေ့၌ မြိတ်မှ ရန်ကုန်သို့ ထွက်ခွာပျံသန်းလာသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပျက်ကျမှုတွင် လေယာဉ်ပေါ်လိုက်ပါလာသူ ၁၂၂ ဦး အသက်ဆုံးရှုံးသွားကြကြောင်း ကြားသိရသဖြင့် မိမိတို့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးအနေဖြင့် အလွန်မတန် စိတ်မကောင်းခြင်း ကြီးစွားဖြစ်ရပါသည်၊ ဖေးမကူညီသောအားဖြင့်လည်း ကျပ်ငွေ ၆၁-သိန်း ထည့်ဝင်လှူဒါန်းလိုက်ပါသည်။ သို့ဖြစ်၍ အဆိုပါ ကြီးမားသော ဆုံးရှုံးမှုများအတွက်- ၁။ ရဟန်းရှင်လူ ပြည်သူများနှင့် ထပ်တူထပ်မျှ လွန်စွာဝမ်းနည်း ကြေကွဲရပါကြောင်းကိုလည်းကောင်း ...
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို) သဘောထားထုတ်ပြန်ကြေညာချက်
နေ့စွဲ။ ၁၃၇၉-ခု၊ နယုန်လဆန်း ၁၀ ရက်(ဇွန် ၄-ရက်၊ ၂၀၁၇) တနင်္ဂနွေနေ့။ ဇွန်လ ၂-ရက်၊ ၂၀၁၇ ခု၊ သောကြာနေ့ နံနက်ပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ရန်ဂါမတီ(ရခိုင်အခေါ် သက်ထောင်)တွင် အသက် ၇၀ အရွယ် ဂုဏမာလာ(Gunamal) အမည်ရှိ အမျိုးသမီးကြီးတစ်ဦး အသတ်ခံရပြီး လူနေအိမ်နှင့် ဈေးဆိုင်ခန်း ၂၀၀-ခန့် လုယက် ဖျက်ဆီးမီးရှို့ခံခဲ့ရကြောင်း နှင့် လူပေါင်း ၃၀၀၀-ခန့် ဘေးလွတ်ရာသို့ အိုးမဲ့ အိမ်မဲ့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Online သတင်းများနှင့် ...
မဘသအဖွဲ့ဝင်များအား အထူးအသိပေးရှင်းလင်းပွဲ၏ သဘောထားထုတ်ပြန်ကြေညာချက်
အောင်ဆန်းတောရတပ်ဦးကျောင်း၌ ကျင်းပအပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) မဘသအဖွဲ့ဝင်များအား အထူးအသိပေးရှင်းလင်းပွဲ၏ သဘောထားထုတ်ပြန်ကြေညာချက် သာသနာနှစ်-၂၅၆၁ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ နယုန်လဆန်း(၃)ရက် ၂၀၁၇ ၊ မေလ(၂၈)ရက်၊ တနင်္ဂနွေနေ့ ၁။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များအား အလေးဂရုပြုသောအားဖြင့် မဘသ အမည်ကို မသုံးစွဲဘဲ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အမည်ဖြင့်သာ ဆက်လက်ရပ်တည်သွားမည်။ ၂။ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ မြို့နယ်၊ တိုက်နယ် အသီးသီးရှိ မဘသ ...